Sep 4, 2014

လျှို့ဝှက်ချက်

သေရွာပါမယ့် လျှို့ဝှက်ချက်ဆိုတာ
သိမ်းဝှက်ထားတဲ့ ရတနာတွေ
ရာဇဝတ်မှု ကြီးကြီးမားမား
ဘာတခုမှ မဟုတ်။

အတန်းဖော်ကောင်မလေးကို
နာရီဒိုင်ခွက်ကနေတဆင့်
ခိုးခိုးကြည့်တာမျိုး။

ယုန်သွားလေးနဲ့ဆရာမကို
သိပြီးသားစာတွေ
သွားသွားမေးတာမျိုး။

နမူနာပြောကြည့်တာသက်သက်ပါ
၁၆ နှစ်သားတုန်းက
တကယ့် လျှို့ဝှက်ချက်တွေဆို
သူတို့လည်း သေချာသိမ်းထားကြမှာ။

တင်မင်းထက်
၂၀၁၄

3 comments:

Aunty Tint September 5, 2014 at 9:06 AM  

ဒီလိုလေးတွေလဲ ရှိတာပါလား ... :P
လျှို့ဝှက်ချက်လေး ဖတ်သွားတယ် တမထရေ...
ကွန်မန့်မချန်ဖြစ်ပေမယ့် ပို့စ်တင်တိုင်းရောက်စ်...

သက်ဝေ September 5, 2014 at 5:48 PM  

ကိုယ် ဘာတွေ သိမ်းထားမိသလဲ ဆိုတာ စဉ်းစားနေတယ်...

Cameron September 19, 2014 at 11:11 AM  

အစ်ကို့လင့်ကိုယူသွားပါတယ်...ကိုယ်တိုင်လည်း ငယ်တုန်းက ဘာလျှို့ဝှက်ချက်များရှိခဲ့သလဲလို့ ပြန်စဉ်းစားမိနေတယ်း)

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP