ပဉ္စလက်သရုပ်မှန်
ပြန်ပြန်ဖတ်မိတဲ့ စာအုပ်တအုပ်ပါပဲ
မင်းဟာ။
ရင်းရင်းနှီးနှီး
တကြောင်းပြီးတကြောင်း သိနှင့်နေတဲ့
အဖွဲ့အနွဲ့။
တုန်တုန်ခိုက်ခိုက်
အငိုက်မိခဲ့ပြန်ပေါ့ နောက်ထပ်တခါ
မင်းရဲ့ စကားထာ။
တင်မင်းထက်
၂၀၁၄
ထွက်ခွာစ အဝေးပြေးကားကို
ပြေးလိုက်သလိုမျိုး
လပြည့်ပြီး နောက်တနေ့
မနက်စောစော။
ကျောဖက်ကနေလုံးဟာ
တရိပ်ရိပ်တက်လာခဲ့။
လကိုမမှီနိုင်တာ သေချာခဲ့လည်း
နေနဲ့လွတ်အောင် ဆက်ပြေးခဲ့
ဒါပေမဲ့ ပူတယ်။
မြစ်မှာဆုံခဲ့ကြသလို
ပင်လယ်မှာခွဲကြရဦးမယ်။
တင်မင်းထက်
၂၀၁၄
နှစ်ကာလတွေသိပ်ကြာတော့
ဘာကိုမှကောင်းကောင်း မမှတ်မိတော့ဘူး။
အသည်းပုံသစ်ရွက်ကသာ
မီးလောင်ရာတခုလို စွဲထင်နေခဲ့တယ်။
ခမ်းနားမှု
ငယ်ဘဝရဲ့ ခမ်းနားမှုတိုင်လုံးများ။
မှန်ကွဲစများ
မီးသတ်ကားမှန်ကွဲစများ ပြန့်ကျဲ။
သူငယ်ချင်း
မမေ့ပေမယ့်ပျောက်သွားသူ သူငယ်ချင်း။
မြေနီလမ်းလေး
တောခြောက်သံတွေက မြေနီလမ်းတလျှောက်။
လေထီးခုန်နည်းမသင်ခဲ့ဘဲ
စာသင်ခန်းနောက်ပေါက်ကနေ ခုန်ချခဲ့တယ်။
အမှတ်သည်းခြေကြီးသလောက်
မေ့မေ့ပျောက်ပျောက်။
တင်မင်းထက်
၂၀၁၄
မိုင်တွေအဝေးကြီး
ပြေးလာခဲ့ပြီးမှ
ပတ်လမ်းမှန်း သိခဲ့ရ။
ရပ်တန့် ငေးမော
သက်တံ ၂ ထပ်ရဲ့ အဆုံးက
၂ ဆသော ပျော်ရွှင်မှု။
ခုန်တယ်
ဒီနေရာကိုပဲ ပြန်ကျတယ်။
တင်မင်းထက်
၂၀၁၄
© Blogger templates Psi by Ourblogtemplates.com 2008
Back to TOP