Jul 31, 2011

အိပ်မက်က နိုးထလာခဲ့ပါ

 Photo : Ye Tun Oo


အိပ်မက်က နိုးထလာခဲ့ပါ
ကြည်လင်ကောင်းကင်က နွေးထွေးနေမှာ
သစ်ရွက်ကလေးတွေ လွင်လွင်ရယ်သံကြားဖို့ရာ
နှလုံးသား တခုသာ လိုတာ.....

လမ်းလျှောက်လာခဲ့ပါ
ပြတင်းပေါက်ရဲ့ ဟိုမှာဘက်ဆီသာ
ရဲစွေးပွင့်ချပ်တို့ ရောင်ဖြာ မြင်နိုင်ဖို့ရာ
နှလုံးသား တခုသာ လိုတာ.....

တသက်လုံးဖူးပွင့် ဝေဆာ
ဆည်းလည်းကလေးလည်း သံသာ
အိပ်မက်က နိုးထလမ်းလျှောက်လာပါ
နှလုံးသား တခုသာ လိုတာ....

ရဲထွန်း(လှိုင်)
၂၉ ဇူလိုင် ၂၀၁၁

(ကိုတင်မင်းထက်ရဲ့ စကားပင် ကို ဆင့်ပွားရေးဖွဲ့သည်။)

(၂၀၁၁ ဇူလိုင်မှာ ရခဲ့တဲ့ သူငယ်ချင်းများရဲ့ ပထမ လက်ဆောင်ပါ။)

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP