Dec 16, 2009

မရီရတဲ့ ကဗျာ



မရီရတဲ့ ကဗျာ

အမြစ်ကိုထိလို့မှ မနာတတ်ရင်
အသီးအကြောင်း မပြောကြကြေး။

ကြက်သွန်တွေနာတတ်သလားဆိုပြီး
တလွှာချင်းခွာကြည့်မိတယ်
သူတို့ကတော့ ဗလာ
ကိုယ့်မှာသာ မျက်ရည်တွေကျလို့ ...။

တင်မင်းထက်
၁၆.၁၂.ဝ၉

18 comments:

သက်ဝေ December 16, 2009 at 4:32 PM  

တကယ်မိုက်တဲ့ အတွေးနဲ့ ကဗျာလေး...
ကြိုက်တယ်...

အဲ.. ဒါပေမယ့် တခုတော့ တွေးမိတယ်...
အိမ်မှာ ကြက်သွန်တွေ တော်တော်ခွာရပုံပေါက်တယ်... လို့..း))

Anonymous,  December 16, 2009 at 4:33 PM  

ကဗျာက လန်းလှချည်လား ။
အန်တီသက်ဝေပြောတာဖြစ်နိုင်တယ်။ အိမ်ရှင်ထီးလုပ်နေတာနေမှာ :P

johnmoeeain December 16, 2009 at 5:32 PM  

ငိုချင်ရက် လက်တို့ ဖြစ်ချိန်မှာ
တရားခံ ရှာလို့အကောင်းဆုံးက ကြက်သွန်ပဲ :)

kay December 16, 2009 at 6:59 PM  

ကွက်တိပဲ..
ကြက်သွန်ကြော် - ကြော်စားဖို့

:D

လင်းဒီပ December 16, 2009 at 7:20 PM  

နားလည်ခံစားမိတယ်အစ်ကို...

အဲဒီကြက်သွန်နီတွေကို ကြက်သွန်နီလို့ မတွေးမိဘဲ သွားနွှာမိတာ
အထဲမှာ တစ်ခုခုရှိမယ်လို့ ထင်မိတာ ကျွန်တော့်အမှားပဲ ဖြစ်လိမ့်မယ်။

မမသီရိ December 16, 2009 at 9:35 PM  

တိုက်တိုက်ဆိုင်ဆိုင်
ကြည်သွန်နီ နဲ့ မျက်ရည်အကြောင်း ပါတဲ့ ရုပ်ရှင်ကား ဒီနေ့ ကြည့်နေတာ
Kite Runner" တဲ့

tin min htet December 16, 2009 at 9:55 PM  

မသက်ဝေ နဲ့ Craton
၁ဝ နှစ် ၁ဝ နှစ် (၁ဝ နှစ် အတွေ့အကြုံနဲ့ ရေးထားတာ) j.k.

တကယ်က ပထမ အပိုဒ်ကို ရေးထားတာ ၃-၄ ရက်ရှိပါပြီ။ ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် အခြားတခုရှာရင်းနဲ့ ဒီပုံလေးကို သွားတွေ့တော့ စိတ်ကူးရသွားတာနဲ့ ရေးဖြစ်သွားတာ။ ဒီပုံကို သုံးထားတဲ့ ဆိုဒ်တွေ များလွန်းလို့ ဘယ်သူ့ကို ခရစ်ဒစ် ပေးရမှန်း မသိတော့ဘူး။

ကိုလင်းဒီပ၊ မဂျွန်မိုး၊ မကေ နဲ့ မသီရိ ကျေးဇူးပါပဲ။

MANORHARY December 16, 2009 at 10:50 PM  

ပြောချင်ဘူး
ငိုချင်လျက်လက်တို့
း))

ဆောင်းယွန်းလ December 17, 2009 at 9:14 AM  

ကြက်သွန်တွေနာတတ်သလားဆိုပြီး
တလွှာချင်းခွာကြည့်မိတယ်
သူတို့ကတော့ ဗလာ
ကိုယ့်မှာသာ မျက်ရည်တွေကျလို့ ...။

ပိုင်တယ်ဗျာ....

Anonymous,  December 17, 2009 at 4:14 PM  

နင်က ကြက်သွန်နွှာနေမှတော့ ဘယ်သူက ရီရမှာလဲ။ ငိုတဲ့အထဲမှာ ငါလဲ ပါတယ်။

ကွန်မန့်ရေးမရဘူး ငထက်ရေ.. နင့်ကဗျာ သိပ်ကောင်းတယ်။ ငထက်ရေ.. ကိုကျော်ဝဏ္ဏက ကြိုက်လို့ သူ့ FB မှာ တင်ပါရစေ တဲ့။

ချိုသင်း

(ကူးထားလိုက်တယ် ချိုသင်းရေ၊ မြှောက်ထားတာမို့ :P
ကွန်မန့် ဆက်တင် ပြန်ပြင်ထားတယ်။ အဆင်ပြေမယ်ထင်ပါရဲ့)

ရွှေရတုမှတ်တမ်း December 18, 2009 at 6:14 AM  

ဆားပုလင်းလေး နဘေးမှာထားပြီး..အခွံခွာရင်တော့..မျက်ရည်မကျဘူးပြောတာပဲ..

မေငြိမ်း December 18, 2009 at 11:41 AM  

အင်းးး လက်သည်းဆိတ်လို့မှ လက်ထိပ်မနာတတ်တဲ့သူတွေကို ပေးဖို့ နာမည်တလုံး ရပြီ.. ကြက်သွန်နီ..။

Rita December 27, 2009 at 11:31 AM  

ကြက်သွန်တွေထဲမှာ ရှိတာ အလွှာတွေလေ အစ်ကို။ တလွှာချင်း ခွာပစ်ပြီးမှ အထဲမှာ ဘာမှ မကျန်တော့ဘူး ဘာဖြစ်လို့ ပြောတာလဲ။ ရှိတဲ့ဟာကို ခွာထုတ်ပစ်ပြီးတော့မှ ဘာမှ မရှိတော့ဘူး ဘာဖြစ်လို့ ပြောတာလဲ။

ပြီးတော့ ဘာမှ မရှိတော့ဘူးဆိုပြီး အဲဒီအခွံတွေကို လွှင့်ပစ်လိုက်ရလား။ ဟင်းထဲ ထည့်ချက်လိုက်ရလား။ အမှိုက်ဖြစ်သွားလား။ အနှစ်ဖြစ်သွားလား။

ဒါဆို ဂေါ်ဖီထုတ်လဲ တူတူပေါ့။

ခွာလိုက်တာနဲ့ ကြက်သွန်ဖြူလို အလုံးလိုက် နေကို နေပေးရမယ်လား။ ငါနဲ့မတူ ငါ့ရန်သူလား။
ကြက်သွန်ဖြူလို ထပ်ခွာမရ ဖြစ်မနေလို့ သုံးမရတော့ဘူးလား။

အော်ကို အော်ပေးနေရမယ်လား။

ကွမ်းယာတို့ဘာတို့နဲ့ ဥပမာပေးဖို့ ကောင်းတယ် အစ်ကို။

"ဒီလောက် အံကြိတ်ပြီး ဝါးတာတောင်မှပဲ နောက်ဆုံးကျ အရည်လဲမရ အဖတ်လဲမရ" ဆိုတာမျိုးပေါ့။ ဒါဆိုရင်တော့ စောဒကတက်ဖို့ နဲနဲ ခက်မယ် ထင်တယ်။

:))))

အစ်ကို စိတ်မပါရင် ဒီ comment ကို ပြန်စရာ မလိုပါ။

tin min htet December 28, 2009 at 6:19 PM  

မနော်၊ ကိုဆောင်းယွန်းလ၊ ချိုသင်း၊ ဘကျောက်၊ တီချယ်ကြီး၊ မရီတာ ကျေးဇူးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ က ကျွန်တော် ဆရာ့ဆီ လာလေ့ရှိတာကို သတိရတဲ့ မတင်မိုးအေးကိုလည်း ကျေးဇူးပါပဲ။

မရီတာရေ အခြား အထွေအထူးတော့ ပြောစရာမရှိပါ။ ကျွန်တော် တစုံတယောက်ကို တိုက်ခိုက်ပြီး ကဗျာရေးလေ့ မရှိပါ။ ဒါကြောင့် "ငါ့နဲ့မတူ ငါ့ရန်သူ" ဆိုတာနဲ့ အဲဒီ ကဗျာနဲ့ မသက်ဆိုင်ပါ။

ကြက်သွန်-ဂေါ်ဖီ-ကွမ်းယာကိုတော့ အငြင်းမပွားချင်ပါ။ ကျွန်တော့် ကြက်သွန်ဟာ ကဗျာထဲက ကြက်သွန်သာ ဖြစ်ပါတယ်။

ကွမ်းယာနမိတ်ပုံကို အကြံပေးတာ ကျေးဇူးပါပဲ။ ဒါပေမယ့် ကွမ်းယာ ကဗျာတော့ ရေးဖြစ်မယ် မထင်ပါ။ ကျွန်တော့် စိတ်ကို မထိဘူး။ ပြီးတော့ ကွမ်းယာကို ရေးမယ်ဆိုရင် တော်တော် ကာရံလှမှ လိုက်မယ် ထင်တယ်။ ကျွန်တော် ကာရံ အဲဒီလောက် မနိုင်ပါ။

T T Sweet December 30, 2009 at 11:44 PM  

ကဗျာကတော့ ကောင်းတယ် .... ကဗျာနဲ့ဝေးတဲ့ ကျွန်မတောင် ကြိုက်ပါတယ် ...
ဒါပေမဲ့ အပေါ်ကလူတွေ ပြောတာမှားတယ် ... သူက ကြက်ဥတွေကြီးမကြီး ရွေးရတာ ...း)

ချစ်ကြည်အေး January 8, 2010 at 10:46 PM  

ကျမ ဘလော့ဂ်လည်လို့ အဲဒီ ဘလောဂ့်ဂါရဲ့ ရေးပြီးသမျှတွေထဲမှာ ကဗျာပါခဲ့ရင် အဲဒီ့ ကဗျာအပိုင်းကို အရင် ရွေးဖတ်တတ်တယ်...။ အဲသလို ကဗျာက ကျမ အပေါ် လွှမ်းမိုးတယ်...။
အမြဲလာဖတ်ချင်လို့ လင့်ယူသွားပါတယ်ရှင်...။ ဒီကဗျာလေးက လူသားဆန်တယ်...။

သွယ်လင်းဆက် February 9, 2010 at 9:15 PM  

ကိုတင်မင်းထက် ကဗျာတွေထဲက ကျွန်တော် အကြိုက်ဆုံးကဗျာတစ်ပုဒ်ပေါ့ဗျာ။

လင်းဒီပ May 7, 2010 at 11:43 PM  

အစ်ကိုကဗျာတွေ ထဲမှာ ဒီကဗျာကို အတော်လေးကို ကြိုက်တယ် ။ အခု ပြန်ဖတ်တယ် ပြန်ရွတ်ကြည့်တယ် ကြိုက်နေတုန်း ခံစားတတ်တုန်း ။

ကြက်သွန်နီတွေ များတယ်ဗျာ...။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP