Dec 31, 2009

အကောင်းမြင်သမား

အကောင်းမြင်သမား

တရားမျှတပါတယ် ..
ပါးစပ်နဲ့ကလောင်နဲ့ တိုက်ခိုက်ခံရမှတော့
သေနတ်နဲ့ထောင်နဲ့ ခုခံရတော့မှာပေါ့

မုဒိတာပွားကြပါ ..
ကမ္ဘာ့အမြင့်ဆုံး စာရင်းဝင်သွားတဲ့
စွန့်ဦးတီထွင် တောင်တန်းကြီးတွေအတွက်
(သူတို့ကိုဖို့ဘို့ အလိုမတူဘဲ တူးဆွခံလိုက်ရတဲ့
ကျင်းတွေ ချိုင့်တွေအကြောင်းတော့ မပြောကြကြေး)

ခွင့်လွှတ်ခဲ့ကြပါ ..
မနေ့က မိတ်ကပ်အဖွေးသားနဲ့ သတင်းမင်းသား
ဒီကနေ့ မုတ်ဆိတ်အဖွေးသားနဲ့ ဘိုးတော်နင်းပြား

သည်းခံစောင့်စားပါ ..
မနက်ဖြန်၊ သဘက်ခါ၊ ဖိန်းနွဲခါ
ခရစ်သက္ကရာဇ် ၂
ဝ၁ဝ ဆက်ဆက်ရောက်လာပါတော့မယ်
မြန်မာသက္ကရာဇ် ၂
ဝ၁ဝ ကတော့ နည်းနည်းလိုပါသေးတယ်

တင်မင်းထက်
၃၁ ဒီဇင်ဘာ ၂
ဝဝ၉

(ဝန်ခံချက်- မြန်မာကျူးပစ်မှ ကိုရင်အုန်း၊ ကိုဘောင်း၊ ကိုမော်ကင်း၊ ကိုအေဇော်ကြီး တို့ရဲ့ စကားလုံးများကို ဖြတ်ညှပ်ကပ် လုပ်ထားခြင်းဖြစ်ပါတယ်။ သူတို့ ဆိုလိုရင်းကို ပြောင်းပြန်လှန် ပစ်မိတာ နဲ့ အချိန်မရလို့ ကြိုတင်ခွင့်မတောင်းနိုင်တာကို ခွင့်လွှတ်ပါ။)

5 comments:

pandora,  January 1, 2010 at 12:40 AM  

အကောင်းတွေသယ်လာမယ့် ၂၀၁၀ လို့ပဲ မှတ်လိုက်ကြပါစို့။
ပျော်ရွှင်အေးချမ်းပါစေ။း)

သက်ဝေ,  January 1, 2010 at 1:32 AM  

ခရစ် သက္ကရာဇ် ၂၀၁၀ အတွက် အရင် ဆုတောင်းပေးခဲ့တယ်...
အေးချမ်း သာယာသော ၂၀၁၀ ဖြစ်ပါစေ...

ရွှေရတုမှတ်တမ်း,  January 1, 2010 at 11:05 AM  

ဖြတ်ညှပ်ကပ်တတ်တာလဲ..တကယ်တော့ကဗျာတပုဒ်ပါပဲ..
ချမ်းမြေ့ပါစေ..ကိုတင်မင်းထက်ရေ့....

မမသီရိ,  January 2, 2010 at 7:15 PM  

မြန်မာ ၂၀၁၀
အင်း
မြန်မာ ၂၀၁၀

ksanchaung,  January 5, 2010 at 10:26 PM  

ဟောဒီ့က သားသားလေးက အကောင်းမြင်သမားဗျ။ Voltaire ရဲ့ Candide ထဲက လိုပေါ့လေ။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP