Jan 5, 2010

အိမ်မပြန်


Homesickness by Rene Magritte
အိမ်မပြန်

တချိန်မှာ ရေကိုဆန်ကြမယ်တဲ့
ပင်လယ်ကို ထွက်ခဲ့ကြ
ပျော်ပါး မက်မပြေ ရေငန်မှာ
ဆယ်လ်မွန်တွေ အိမ်ပြန်ခက်ခဲ့ပြီ။

တင်မင်းထက်
(ဝ၅.ဝ၁.၂ဝ၁ဝ)

6 comments:

Anonymous,  January 5, 2010 at 1:16 PM  

သတ္တ၀ါတွေမှာ အိမ်ဆိုတဲ့ အရာဟာ အသေအချာရော
ရှိရဲ့လား ဒါကာကြီး။

Moe Cho Thinn January 5, 2010 at 1:38 PM  

ဆယ်လ်မွန်ငါး ဆိုမှတော့ အချိန်တန်ရင် အိမ်ပြန်ရမှာပေါ့။

johnmoeeain January 5, 2010 at 5:41 PM  

အိမ်လား..
ပြန်တော့ ပြန်ရမယ်....
ဒါပေမယ့်...
အပြန် ခက်တာလား...
ပြန်မရတာတာလား...
ပြန်လို့ မဖြစ်သေးတာလား...
ပြန်မယ့် အချိန် မတန်သေးတာလား...
ပြန်ဖို့ မသေချာတော့တာလား...
ပြန်ဖို့ မလိုတော့တာလား...
နောက် ဆုံး....
ပြန်စရာ အိမ်မရှိတာလား.....

တွေးမိတာလေးတွေရယ်ပါ....
ဒါပေမယ့်..
အိမ် ပြန်ချင်သူတွေ အိမ်ပြန်ခွင့် ရကြပါစေရယ်လို့...

လေးစားစွာ

နွေဆူးလင်္ကာ January 5, 2010 at 7:57 PM  

ခင်ဝမ်းကိုတောင် သတိရသွားသေး ...

မမသီရိ January 5, 2010 at 8:37 PM  

ပုံနဲ့ ကဗျာလေး လိုက်ဖက်ညီထွေပါပေတယ်
ကဗျာလေးကလဲ ထိမိ လိုက်တာ

ရွှေရတုမှတ်တမ်း January 6, 2010 at 5:51 AM  

ကိုတင်မင်းထက်ရေ...ကျနော်က salmon ငါးမဟုတ်ဘူး
...လောက်....ကျရာပျော်၏။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP