Jul 21, 2009

ရွှေဝါပြည် ဘလော့ဂ်



ကျွန်တော်နှစ်သက်သော ကဗျာ၊ ပန်းချီ၊ စာအုပ်များကို
မိတ်ဆွေတို့အား လက်ဆောင်ပေးချင်ပါတယ် ..

ကျွန်တော့်လက်ရာတွေနဲ့ သီးသန့်ဖြစ်သွားအောင်
"ရွှေဝါပြည်" ဆိုပြီး ဘလော့ဂ်တခု သီးသန့်လုပ်ဖြစ်ပါတယ် ..

ဘလော့ဂ်နာမည်ကို
ရန်ကုန်ဘဆွေရဲ့  "ရွှေဝါပြည်" စာအုပ်ကနေယူပါတယ် ..

ကဒေါင်းနဲ့ ဟင်္သာပုံပန်းချီက
ဗဂျီအောင်စိုးရဲ့ Mosaic လက်ရာပါ ကိုငြိမ်းနိုင်ထံမှရပါတယ် ..

ခွင့်မတောင်းဖြစ်တဲ့ အနုပညာလက်ရာများအတွက်
ဒီနေရာကနေ တောင်းပန်လိုက်ပါတယ် ..

ပထမဦးဆုံး အနေနဲ့ ..
ကျွန်တော့် သူငယ်ချင်းလည်းဖြစ်
အကြိုက်ဆုံး ကဗျာဆရာတဦးလည်းဖြစ်တဲ့
မောင်နန္ဒ ရဲ့  "မျှော်လင့်ခြင်းမိုး" ကဗျာကို တင်ထားပါတယ် ..

 http://shwewarpyi.blogspot.com/

2 comments:

MANORHARY,  July 21, 2009 at 9:33 PM  

ရွှေဝါပြည်တဲ့လား
အဲဒီအိပ်မက်တွေဆက်မက်ရမယ်ပေါ့း)
ဘလော့ခ်နှစ်ခုလုံးအတွက် အချိန်ပေးနိုင်ပါစေ
ပေးပေးပါလို့လည်းတောင်းဆိုပါတယ်။
မောင်နန္ဒကဗျာအတွက်လည်းကျေးဇူးပါ

kay,  July 22, 2009 at 12:34 AM  

အော်..မနော်သူငယ်ချင်းဆိုတော့..အိမ်လေးတွေ..အဖီထုတ် တာခြင်းလည်းတူကြသကိုး။း)

( အဖီ = တွဲဆက်ထားသော အိမ်ခန်း) မသိမှာစိုးလို့..:D

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP