Feb 18, 2010

ရီရတဲ့ ကဗျာ


ရီရတဲ့ ကဗျာ

ပေါက်ကွဲတယ်၊ ဖောက်ခွဲမယ်
ဗန်းစကားတွေလည်း ဆန်းပြားတယ်။

ခေတ်အပျက်ကြီးက "ဟ" ပေးထားတဲ့
ထွက်ပေါက်တွေကနေ ပေါက်ထွက်လာပြီး
သီဟိုဠ်သရက်လို သီးပြလိုက်သေးတယ်
ပွင့်လင်း လွတ်လပ်လှချည်ရဲ့။

တင်မင်းထက်
၁၈.ဝ၂.၁ဝ

(စာသားနည်းနည်း ပြင်ထားပါတယ်။)

6 comments:

နွေဆူးလင်္ကာ February 18, 2010 at 7:34 PM  

ခေတ်ပျက်ကြီးရဲ့ အဟထဲကနေ သီဟိုဠ်သရက် စားသွားတယ်

လင်းဒီပ February 18, 2010 at 7:56 PM  

ခေတ်အပျက်ထဲက
(အဲဒိ)သီဟိုဠ်သရက်သီးတွေ
မတွေ့ချင် မြင်ရက်သား
အကုသိုလ်များတယ် ။

ShwunMi- February 18, 2010 at 10:41 PM  

သရက်သီး အစောကြီး ပေါ်နေပြီလား =)

ရွှေရတုမှတ်တမ်း February 19, 2010 at 10:16 AM  

အဲဒါမျိုးလေးတွေကြည့်ချင်တာ...
ပြူးပြောင်နေတာပဲ

tin min htet February 19, 2010 at 10:46 AM  

ဘကျောက် တောင်းဆိုတာနဲ့ သီဟိုဠ်သရက်သီး ပုံ တင်ပေးလိုက်ပါတယ် :P

ဆောင်းယွန်းလ February 20, 2010 at 12:51 PM  

ပေါက်ကွဲတယ်၊ ဖောက်ခွဲမယ်
ဗန်းစကားတွေလည်း ဆန်းပြားတယ်

ဟုတ်ပါ့ဗျား.....
သူ့ထက်ဆန်းပြားတဲ့ ဗန်းစကားတချို့ကိုတောင် တလောတုန်းက ဘလော့တခုမှာဖတ်လိုက်ရသေးတယ်
လျှောက်ဆဲထားတဲ့ ကဗျာတပုဒ်လေဗျာ..ဘာတဲ့ ရီဝေဝေဆိုတာတွေလည်းပါလေရဲ့

အဆင်ပြေပျော်ရွှင်နိုင်ပါစေ ကိုတင်မင်းထက်ရေ
ကဗျာလှလှလေးတွေလည်း ဆက်လက်ဖန်တီးနိုင်ပါစေသောဝ်

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP