Aug 13, 2009

စာအုပ်တောမှာ (၅)

ဘော်တယ်ဆိုင်

ဘော်တယ် (Bottle) ဆိုင် ဆိုတာကတော့ "နို့ဆီခွက်တွေ ဝယ်
၊ ပုလင်းတွေ ဝယ်" ဆိုတဲ့ အထမ်းနဲ့ အဟောင်းလိုက်ဝယ်တဲ့ သူတွေဆီက ပြန်ကောက်တဲ့ ဆိုင်လေးတွေပါ။ သတင်းစာဟောင်း ဝယ်သလို၊ စာအုပ်ဟောင်းကိုလည်း ပိဿာချိန်နဲ့ ဝယ်တာပါပဲ။ အဲဒီခေတ်က ဘားပြာတွေ ဘားကြောင်တွေ ခေတ်မစားသေးတော့ အများစုက ဆေးလိပ် ဖင်စီခံ ဖြစ်သွားပါတယ်။ အဲဒီဆိုင်လေးတွေကို ဦးမောင်နန္ဒာတို့လို လိုက်ပြီး စာအုပ်ကောက်တဲ့သူတွေ ရှိပါတယ်။ ဒီနေ့ အလုံ၊ နောက်နေ့ ကမာရွတ် စသည်ဖြင့် လှည့်ကောက်တာပါ။ အုပ်ချင်းဈေးနဲ့ မဟုတ်ပါဘူး။ ဆိုင်က ပိဿာ ၂ ကျပ် ဆိုပြီးကောက်ထားရင်၊ စာအုပ်သမားက တပိဿာ ၅ ကျပ် လောက် ပေးပြီး ပြန်ကောက်တာပါ။ ဘော်တယ်ဆိုင်ကလည်း ဈေးပိုရတော့ စာအုပ်သမား ပယ်ခဲ့တာတွေကိုမှ အခြားကို ပြန်ရောင်းပါတယ်။

ကျွန်တော်လည်း အခြားမြို့နယ်က ဆိုင်တွေ မရောက်ဖူးပေမယ့်၊ စမ်းချောင်း၊ မြေနီကုန်းထဲတော့ ကြုံရင် ဝင်မွှေပါတယ်။ ဦးနုရဲ့ "လူပေါ်လူဇော် လုပ်နည်း" တောင် ဘော်တယ်ဆိုင်က ရဖူးသေး။ (ကျွန်တော်က တက်ကျမ်း ဖတ်လေ့ မရှိတော့ ဆုံးအောင်တောင် မဖတ်ဖြစ်ပါဘူး၊ ပြန်ရောင်းလိုက်တယ်။)


ဘော်တယ်ဆိုင်က ရရင်တော့ အသက်သာဆုံးပေါ့။ အဟောင်းဆိုင်မှာ ရောင်းတဲ့ဈေးကလည်း ကျောင်းသား တယောက်တတ်နိုင်တဲ့  ဈေးမျိုးပါ။ ၈၈မှာ ပထမနှစ် တက်တော့ တပတ် မုန့်ဘိုး ၅
။ တပတ်ကုန်ရင် စာအုပ်ကောင်းကောင်း တအုပ် ယ်လို့ရပါတယ်။ ဘုန်းနိုင်တအုပ် ၂ -၂၅။ ဆွေလှိုင်ဦးက တစ်ကျပ်ပုံမှာပါ။ နောက် "မအေးပွင့် မြင့်မြင့်စန်း" ရုပ်ရှင်ထွက်လာပြီး၊ ပြန်ဟော့ လာပါတယ်။ ကျွန်တော် တစ်အုပ်မှ ဆုံးအောင် မဖတ်ဖူးပါ။

ဆိုင်ပြန်

အငှားဆိုင်တွေက လကျော် စာအုပ်တွေ ပြန်ရောင်းတာကို၊ ဆိုင်ပြန်လို့ ခေါ်ပါတယ်။ မြေနီကုန်းမှာလဲ ၂ ဆိုင် ၃ ဆိုင်ရှိပါတယ်။ နယ်က အငှားဆိုင်တွေက တခါပြန် ဝယ်ကြပါတယ်။ သူတို့က စာအုပ်အဟောင်း သမားတွေနဲ့ မတူပဲ၊ စီးပွားရေး သက်သက်မို့ မရင်းနှီးပါ။ အဲဒီခေတ်ကလဲ ခုလို စာအုပ်ဟောင်း စာအုပ်ကောင်းတွေ ပြန်ထုတ်တာ ခေတ်မစားသေးတော့၊ သူတို့ဆီကလဲ
ယ်စရာ သိပ်မရှိပါ။ တစ်ခါတစ်လေတော့ တ္ထုတို ပေါင်းချုပ်လိုမျိုး၊ ပေါသွပ်လိုမျိုး ရတတ်ပါတယ်။ ဒါပေမယ့် လိုင်းင်တဲ့ စာအုပ်မျိုးဆို ဈေးထဲက လူတွေက ကောက်သွားတာ များပါတယ်။

စာအုပ်ထဲက ဇာတ်လမ်းတွေ


စာအုပ်ထဲမှာ ရေးထားတဲ့ ဇာတ်လမ်းတွေကို ပြောတာ မဟုတ်ပါဘူး။ အပို ဇာတ်လမ်းလေးတွေပါ။ တချို့စာအုပ်တွေမှာ ကဗျာ အတိုအစလေးတွေ၊ မှတ်စု အတိုအစလေးတွေ ရေးထားတတ်ပါတယ်။ တခါတလေလည်း စာအုပ်ထဲမှာ ဈေးစာရင်း စာရွက်လိုမျိုး ညှပ်ပါလာတတ်ပါတယ်။ စိတ်ဝင်စား စရာပါ။


ခုထိ မှတ်မိနေသေးတဲ့ တခုက ပလတ်စတစ် အိတ်လေးနဲ့ သေချာထည့်ထားတဲ့ ဘာရွက်မှန်း မသိတဲ့ သစ်ရွက်ခြောက်လေး တရွက်ပါ။ သစ်ရွက်ပေါ်မှာ "ခင်" လို့ ရေးထားတယ်။ လက် ၂ လုံးလောက် စာရွက်ပိုင်းလေးလဲ ပါတယ်။ ဖောင်တိန်နဲ့ ရေးထားတဲ့ မိန်းကလေး လက်ရေိးုငိးုင်းလေးနဲ့ "ဒါ...ခင်လေး ကို စောင်းရေးထားတာ ပေါ့လေ ... မခံနိုင်ပေါင်" ... တဲ့။ သူတို့ဇာတ်လမ်း ဘယ်လို အဆုံးသတ် သွားတယ်တော့ မသိ၊ အဲဒါလေး ၂ ခု ကို ကျွန်တော် ၁ နှစ်လောက် သိမ်းထား ခဲ့ပါတယ်။ နောက်ဆုံး မြန်မာပြည်က ထွက်လာတော့မှ ဘယ်မှာ ကျန်နေခဲ့တယ် မသိ။
 

ရိုးရိုးချုပ်၊ ခန့်ချုပ်

စုတဲ့ စာအုပ်တွေက အခြေအနေ အမျိုးမျိုး၊ တစ်ချို့က နဂိုအဖုံးနဲ့၊ တစ်ချို့က စာအုပ် အငှားဆိုင်ကလို နောက်က ကတ်ထူ ရှေ့ကဖလင်၊ တစ်ချို့က ခန့်ချုပ်။ အစက Original အဖုံးရဲ့ တန်ဖိုး၊ ပထမနှိပ်ခြင်းရဲ့ တန်ဖိုးကို မသိသေးဘူး။ အဲဒါနဲ့ အားလုံး ဆင်တူဖြစ်အောင် ဆိုပြီး။ အကုန်လုံး ခန့်ချုပ် အပ်လိုက်တယ်။ အပ်တာက စာအုပ်အဟောင်း ရောင်းတဲ့သူတွေကို ပါပဲ။ အကုန်လုံးလောက်က စာအုပ် ချုပ်တတ်ကြတယ်။ ဆိုင်လူပါးတဲ့ အချိန်
မှာ ပြင်စရာရှိတဲ့ စာအုပ်ပြင်၊ ချုပ်စရာရှိတာ ချုပ်ကြတာပဲ။ ကျွန်တော်လဲ နောက်တော့ ချုပ်တတ်သွားပါတယ်။

ခုနက စကား ပြန်ဆက်ရရင် - ခန့်ချုပ်အပ်တော့ နဂို အဖုံးကောင်းနေတာ၊ နှမြောစရာကြီး ပြောတာကို မရဘူး အတင်းအပ်တာပဲ။ နောက်ပိုင်း နဂို အဖုံးတန်ဖိုး သိလာတော့၊ မချုပ်တော့ပါဘူး။ ဆိုင်တွေမှာ အဖုံးပါတာ တွေ့ရင် ကျွန်တော့် အဖုံးမပါတာနဲ့ လဲတယ်။ ပုဂံတိုက်ထုတ်တွေ့ရင် အခြားတိုက်ထုတ်တာနဲ့ ပြန်လဲတယ်။

အငှားဆိုင်ချုပ် ကိုတော့ သိကြမှာပါ။ ခန့်ချုပ်ဆိုတာက ဒီလိုမျိုး -


 
ကဒ်ထူပြား ၂ ခုကို ရှေ့နောက်ထည့်ပြီး အပေါ်က သားရေတု (သို့) ဗြုတ်ပါတဲ့ စက္ကူ တစ်မျိုးနဲ့ အုပ်လိုက်တာပါ။ ပြီးတော့ ရေခံ (End Paper) စက္ကူနဲ့ ထိမ်းရပါတယ်။ ပုံထဲမှာ ပြထားတဲ့နည်းက နည်းနည်း ပိုခက်တယ်။ စာအုပ်တန်းမှာ အသုံးများတာက အနှောင့်ကို ပိတ်စ (များသောအားဖြင့် အမဲ) နဲ့ ကပ်၊ ကဒ်ထူကို ပေါ်ကို စိမ်းပြာရောင် စက္ကူ အပြောင်နဲ့ ဖုံးတယ်။ ပြီးမှ နဂိုအဖုံး ရှိရင် အပေါ်က ထပ်ကပ်။ စာအုပ် ဘေးသားကို မှင်နီနဲ့ သုတ်လိုက်သေးတယ်။ (တကယ်ကတော့ ညစ်ပတ်နေတာတွေ ပျောက်အောင်။)

နောက်ပိုင်းတော့ စာအုပ်ရဲ့ နဂိုရုပ် မပျောက်အောင် ချုပ်တတ်လာတယ်။ Original အဖုံးက ကျိုးနေရင်၊ အပေါ်ဆုံး အလွှာကို ခွာ (မရရင် ရေစိမ်ခွာ)။ ပြီးတော့ ကဒ်ထူ တရွက်ကို ရေခံနဲ့တွဲပြီး ဖုံးလိုက်တယ်။ အပေါ်ကမှာ ခုနက ခွာထားတာကို ကပ်လိုက်ရင်၊ မူလ စာအုပ်အတိုင်း ဖြစ်သွားရော။ ဘေးသားတွေ မညီရင်၊ သိပ်ညစ်ပတ်နေရင်တော့ ဓားစက်မှာ သွားဖြတ်လိုက်တယ်။

အဲဒီတုန်းက စာအုပ်ကလဲ သိပ်မရှားသေး၊ စာအုပ်ရောင်းတဲ့ သူတွေ ဆိုတာကလဲ စီးပွားရေးအပြင်၊ ဝါသနာပါလို့ လုပ်ကြတာဆိုတော့၊ သိပ်ဂျီကျလို့ ကောင်းတယ်။ သူတို့ဆီက ကျွန်တော်ယ်ဖူးတဲ့ စာအုပ် သန့်သန့်လေး ရရင်၊ ဆိုင်တောင် တင်မရောင်းဘူး၊ ကျွန်တော် (အလကား မူးတင်းနဲ့) ပြန်လဲဖို့ သိမ်းပေးထားတယ်။


နောက်သူတို့လုပ်ပေးတာ တခုက စာအုပ်ဖြုတ်ရောင်းတာပါ။ ကျွန်တော်က ရန်ကုန်ဘဆွေ စုတော့၊ တ္ထုတိုက စုရခက်ပါတယ်။ ပေါင်းချုပ်တွေမှာ ပြန်ပြန်ထပ်လို့ပါ။ တချို့အပုဒ်တွေဆို လေးငါးအုပ်မှာ ပြန်ပါ ပါတယ်။ ဒီတော့ တ္ထုတို ပေါင်းချုပ် ၃-၄ အုပ်ကို ဖြုတ် ကျွန်တော့်မှာ မရှိသေးတာချည်း ရွေးပြီး ရောင်းပေးကြပါတယ်။ တစ်အုပ်စာပဲပေးရပါတယ်။ ကျွန်တော်ရွေးကျန်တာကိုမှ ဘိုင်းနင်းပြန်ချုပ်ပြီး ရောင်းပါတယ်။ အဲဒီလောက် စေတနာ ကောင်းကြပါတယ်။

ခုတော့ သူတို့လဲ ဘယ်တွေ ရောက်နေကြပြီလဲ မသိ ...

(ဆက်ရန် ...)

ဝန်ခံချက်။  ။ မြန်မာကျူးပစ်ဖိုရမ်တွင် ရေးခဲ့သည်များကို ပြန်လည်တည်းဖြတ် ထားပါသည်။

4 comments:

MANORHARY August 13, 2009 at 3:27 PM  

စာအုပ်ထဲက အပိုဇာတ်လမ်းလေးတွေက စိတ်ဝင်စားစရာကောင်းတယ်
ပထမပိုင်ရှင်ရဲ့ တချို့ ခံစားချက်စာမျက်နှာလေးတွေလည်း ပါလာတတ်တယ်
တစ်ခါတစ်ခါကျတော့လည်း ကိုယ်သိတဲ့သူတွေရဲ့ စာအုပ်တွေ ဖြစ်နေတတ် ပြန်ပါတယ်။ အတွေးအမြင်တွေကိုစုပြီး အခန့်ချုပ်ခဲ့တာတွေလည်း သတိရ တယ် ။ သိပ်မပြောနဲ့ စာအုပ်စင်ကိုလွမ်းတာနဲ့ကို ဘာလုပ်ရမှန်းမသိတော့ဘူး
း((

မမသီရိ August 13, 2009 at 8:52 PM  

စာအုပ်တောမှာ ထဲမှာ ဒီစာအုပ်တော က အတော်စိတ်ဝင်စားစရာကောင်းပါတယ်
စာအုပ်ကြားက အပို ဇာတ်လမ်းလေးတွေ
ပြီးတော့ သာမန်လူတွေ နဲ့ မရင်းနှီးတဲ့ စာအုပ်အဟောင်းလောက နဲ့ သံသရာလည်ပုံလေး က တကယ်စိတ်ဝင်စား စရာကောင်းပါတယ်
နောက်ဆက်ရန်လေး မြန်မြန်ရေးနော်

ချမ်းမြေ့ပါစေ

Moe Cho Thinn August 20, 2009 at 1:22 AM  

စာအုပ်ထဲက ဇာတ်လမ်းလေးက ချစ်စရာ ပြုံးချင်စရာ။
ငါလဲ စာအုပ်အဟောင်းထဲက တန်ဖိုးရှိတဲ့ ရှေးဟောင်း ဓာတ်ပုံတပုံရဖူးတယ်။ လွမ်းစရာကြီးဟာ။

:P October 20, 2009 at 1:07 PM  

ဘော်တယ်ဆိုင်၊ ဘော်တယ်ကုလား ဆိုတဲ့ထဲက ဘော်တယ်ဆိုတာဘာလဲ ခုမှ သိတော့တယ်။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP