Aug 28, 2009

မြား

Photo: vidalia_11 (flickr.com)

မြား

ချစ်ဆိပ်ရည် သုတ်လူးထားတဲ့
စူးရှတဲ့မြားကို သိမ်းလေ
ရွှေတောင်ပံတွေ အနားပေး
ငြိမ်ငြိမ်လေး ထိုင်နေပါလား
အဆွေ ... မြားနတ်မောင်။

ပြေမယောင် ကွေးမယောင်
ညိုမှောင်တဲ့မျက်ခုံးနဲ့ လေးတင်
ညှို့ငင်တဲ့မျက်ဝန်း အပစ်
စူးနစ်ခဲ့ရ နှစ်ပေါင်းတရာ။

တင်မင်းထက်
၂၈.ဝ၈.ဝ၉

(ချစ်ဇနီးသို့ ...)

8 comments:

မမသီရိ August 28, 2009 at 7:36 PM  

မျက်ခုံးလေး စင်ယော်တောင်
ပြုံးယောင်ယောင် အစွမ်းထက်တော့
မြှားနတ်မောင် အကူတောင် မလိုတော့ဘူးပေါ့..း)

Anonymous,  August 28, 2009 at 9:48 PM  

အေ့လေ.. ရေးတတ်ပ အနုအရွလေး။ နှစ်တစ်ရာနည်းသေးတယ်ဂျ.. ဟိဟိ

MANORHARY August 29, 2009 at 12:11 AM  

ခစ်...........=)
(ဇနီးချော့တေး ဆိုတာကြားဖူးပေါင်)

Zephyr August 29, 2009 at 2:12 AM  

မျက်ဖြေလင်္ကာများလားထင်မိပါတယ် ....။

ATN August 29, 2009 at 1:18 PM  

Happy Anniversary လားဗျ...

Moe Cho Thinn August 30, 2009 at 12:51 AM  

နှစ်တရာတည်းးးးး !!!!

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP