ကမ်းခြေ
ကမ်းခြေ
ရေပန်းဆိုတာကို စမြင်ဖူးတော့
မှင်သက်ငေးမောနေမိ
ရေမှုန်စိန်စ လင်းလက်တဲ့
ငယ်ဘဝရဲ့ ပွဲတော်ညတခုမှာ။
ပင်လယ်ကို ရောက်ခဲ့တာလား
နယ်မြေသစ် မတွေ့ခဲ့ပေမယ့်
ငါးမန်းတွေဘာတွေနဲ့ တွေ့ခဲ့
ကမ်းဝေးတဲ့နေ့တွေ။
လက်ယက်သဲတွင်းလေးဘေးမှာ
ရေကြည်အေးမြ
အနည်ကျအောင်စောင့်ပြီး
သူ့ကို တိုက်ချင်ပါသေးတယ်။
တင်မင်းထက်
(၂၂.ဝ၇.ဝ၉)
မနော်ရဲ့ "ကျွန်မချစ်သောကဗျာများ" မှာ ဖော်ပြခဲ့ဖူးပါတယ်။
ရေပန်းဆိုတာကို စမြင်ဖူးတော့
မှင်သက်ငေးမောနေမိ
ရေမှုန်စိန်စ လင်းလက်တဲ့
ငယ်ဘဝရဲ့ ပွဲတော်ညတခုမှာ။
ပင်လယ်ကို ရောက်ခဲ့တာလား
နယ်မြေသစ် မတွေ့ခဲ့ပေမယ့်
ငါးမန်းတွေဘာတွေနဲ့ တွေ့ခဲ့
ကမ်းဝေးတဲ့နေ့တွေ။
လက်ယက်သဲတွင်းလေးဘေးမှာ
ရေကြည်အေးမြ
အနည်ကျအောင်စောင့်ပြီး
သူ့ကို တိုက်ချင်ပါသေးတယ်။
တင်မင်းထက်
(၂၂.ဝ၇.ဝ၉)
မနော်ရဲ့ "ကျွန်မချစ်သောကဗျာများ" မှာ ဖော်ပြခဲ့ဖူးပါတယ်။
3 comments:
း)
ကဗျာလေးက တကယ့်ကို ကဗျာဆန်ပါပေတယ်လို့ပဲပြောတော့မယ်..
ကဗျာလေး ကောင်းပါတယ်။
ပင်လယ်ကိုစောင့်ခဲ့သူကမ်းခြေ
သာယာစွာအထီးကျန်နေခဲ့သူကမ်းခြေ
..............................
Post a Comment