Oct 9, 2009

ကဗျာ


photo: 8minutesold.com
ကဗျာ

ကဗျာကြီးကြီးရေးဖို့
ကမ္ဘာကြီးပါရမှာလား။

ဆင်ကြီးကိုဂဠုန်ချီတဲ့
ကမ္ဘာကြီးကို ငါမချီနိုင်ဘူးကွယ့်။

ကမ်းခြေမှာ ကောက်ရခဲ့တဲ့
ပေါက်စန ကဗျာလေးပါ
တက်မနင်းကြပါနဲ့။

တင်မင်းထက်
ဝ၉.၁ဝ.ဝ၉

5 comments:

thitkaungeain October 9, 2009 at 7:53 PM  

တက်မနင်းပါဘူး
တယုတယကောက်ဖတ်သွားကြောင်း

မမသီရိ October 9, 2009 at 8:24 PM  

ကမ္ဘာကြီးမပါလဲ ရပါတယ်ရှင့်
ကမ္ဘာကြီး ကို ကဗျာဆရာ ချီစရာ မလိုပါဘူးလေ

ပေါက်စန ကဗျာလေးပေမဲ့
ချစ်စရာကောင်းတယ်

နွေဆူးလင်္ကာ October 9, 2009 at 10:44 PM  

တက်မနင်းပါဘူး ဖတ်သွားပါတယ်။ မကြီးလည်း ကဗျာဟာ ကဗျာပါပဲဗျာ။

ရွှေရတုမှတ်တမ်း October 10, 2009 at 3:54 AM  

ပေါက်စနလေး ကိုဘာလုပ်ရရင်ကောင်းမလဲ စဉ်းစားနေတာ....

pandora October 10, 2009 at 12:05 PM  

ကဗျာပေါက်စလေးကို ကမ္ဘာပေါ်က ခဲလုံးကြီးကြီးနဲ့ထုသွားတယ် .... ဟိဟိ

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP