Oct 31, 2009

ကမ္ဘာကြွေမယ့်နေ့


Painting: Pierre Marcel

ကမ္ဘာကြီးက ပန်းသီးတလုံးဆိုရင် ကျွန်တော်တို့က ပန်းသီးထဲက ပိုးကောင်လေးတွေပေါ့။ (နောက်ချေးပုံကြီး လို့တော့ မပြောချင်၊ ကိုယ်ပါရောပြီး ဘာကောင် ညာကောင် ဖြစ်သွားလိမ့်မယ်။) ပန်းသီးဆိုပေမယ့် တလုံးလုံး ချိုမြနေတာတော့ မဟုတ်။ ဖန်တန်တန်၊ ချဉ်စုပ်စုပ် နေရာတွေက အများသား၊ ပုတ်နေတဲ့ နေရာတွေက ရှိသေး။ ဒါပေမဲ့ ဒီထဲမှာ ပိုးကောင်ဖြစ်လာတော့ ဒီထဲမှာပဲ ပျော်ရွှင်၊ ကြေကွဲ၊ ပျင်းရိ၊ နာကျင်၊ တက်ကြွ နေနေကြရတာပဲ။ ခုတော့ အဲဒီ ပန်းသီးက ကြွေတော့ မယ်တဲ့လား။ ကိုယ်တွေက ဘာမို့ ကျန်ခဲ့ကြမှာလဲ။

အဲဒါက ဇာတ်နာအောင် ရေးထားတာ။ တကယ်တော့ ၂၁.၁၂.၂
ဝ၁၂ ကမ္ဘာပျက်မယ် ဆိုတဲ့ အကြောင်းကို တွေ့သာတွေ့နေတယ်။ စိတ်မဝင်စားလှ၊ ခုထိလည်း ဘယ်လိုပျက်မယ် ဆိုတာတောင် မသိသေး။ တခုခုက ကမ္ဘာကို ဝင်တိုက်မှာလား၊ ငလျင်လှုပ်မှာလား၊ မီးတောင်ပေါက်မှာလား တကယ်ကို မသိသေး။ မအိန္ဒြာက ခင်မင်စွာဖြင့် တဂ်တော့ စဉ်းစားရပြီ တကယ်တန်း ကမ္ဘာပျက်တော့မယ် ဆိုရင် ဘာလုပ်ရမလဲ။

ကမ္ဘာပျက်တော့မယ်ဆိုတာကို အားလုံးက မသိကြဘဲ ကိုယ်တယောက်ထဲ (ဒါမှမဟုတ် ကိုယ့်ဆွေမျိုး၊ သူငယ်ချင်း တစုလောက်) သိနေတယ် ဆိုရင်တော့ မဆိုးဘူး။ ရှိတာအားလုံး ချရောင်း၊ မိသားစု နေရာ အနှံ့သွားလ
ည်၊ ကြယ်ငါးပွင့် ခြောက်ပွင့် နေရာတွေ တက်တည်း။ ပျော်ပျော်ကြီး နေလိုက်မယ်။ တခုပဲ ကြောက်ရတယ်။ တကယ် ကမ္ဘာမပျက်ရင်တော့၊ ကိုယ်တယောက်ထဲ ကမ္ဘာပျက်ပြီပဲ။ (ရှိတာ အားလုံး ကုန်သွားပြီလေ။)

ခု ၂
ဝ၁၂ ကတော့ ဒီလို မဟုတ်၊ အားလုံးက ကြိုသိနေမှာ။ အလုံးကြီး တလုံး ကမ္ဘာကို တိုက်ဖို့ လာနေပြီ ဆိုပါတော့။ တီဗွီကတောင် လိုက်ဖ် ပြချင် ပြနေမှာ။

အဲဒီတော့ ကမ္ဘာမပျက်ခင် တလမှာ (လူမှုရေး အဖွဲ့တွေက လွဲရင်)။ ဘယ်သူက အလုပ်လုပ်တော့မှာလဲ။ ငွေနဲ့ ဘာတွေ ဝယ်လို့ရမှာလဲ။ ဆားဗစ်ပေးတဲ့ အလုပ်တွေ ရပ်ကုန်မယ်။ ပစ္စည်းချင်းလဲတဲ့ ဘာတာ စနစ်လိုမျိုးပဲ ရှိတော့မယ် ထင်တယ်။

အဲဒီတော့ ကမ္ဘာပျက်လို့ ကိုယ်ပါသွားတာ နောက်ထား။ အဲဒီ တလမှာ ရပ်တည်ဖို့တောင် တော်တော်ကြိုးစားရမယ်။ ကဲ - 
ကမ္ဘာပျက် မှာက သေချာနေပြီ၊ တလ အလိုမှာ အားလုံးက သိပြီး ကြပြီလို့ သဘောထားပြီး မေးခွန်းလေးတွေ ဖြေကြည့်လိုက်ဦးမယ် -

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...
မိသားစု၊ ပြီးတော့ တယောက်နဲ့တယောက် အားနာစရာမလိုတဲ့ ရင်းနှီးသူ တစုနဲ့ပါပဲ။ တောထဲတောင်ထဲ တနေရာမှာ စားစရာ ဆန်၊ ဆီ တလစာလောက်နဲ့ သွားနေချင်ပါတယ်။

(၂) ဘာတွေခံစားနေရမလဲ ...
ရှောင်လို့မှ မရတာ သိပ်တော့ ခံစားရမယ် မထင်။ ဒါပေမဲ့ တကယ်ကြုံလာရင် ဘယ်လောက် တည်ငြိမ်မလဲ၊ ဘယ်လောက် တုန်လှုပ်မလဲ သေချာတော့ မပြောတတ်။

(၃) ဘာတွေ ပြင်ဆင်ထားမလဲ ...
အဲဒီ တလစာ အတွက် အမြန်ဆုံး ရှာဖွေ စုဆောင်းရမယ်။ အချိန်ကလည်း သိပ်မရှိတော့ဘူးလေ။

(၄) ဝမ်းနည်းမိမှာက ...
ဘာမှ မသိဘဲ၊ ပျော်နေမယ့် ကလေးတွေ အတွက်ပါပဲ။

(၅) ကြောက်လန့်မိတာက ...
ရက်ချိန်းအတိအကျနဲ့ လာမှာကြီးကို ထိုင်စောင့်နေရတာ။

(၆) ဆောင်ထားချင်တာက ...
အဲဒီ တလက သိပ်ရှည်မယ်။
တနေ့စာ တနေ့ ရှာဖွေချက်ပြုတ် နေရတာနဲ့ အလုပ်ရှုပ် နေမယ် ထင်ပေမယ့် အချိန်တွေ ပိုနေသေးရင် ကြောက်စရာ။ စာအုပ်လေး၊ ဖဲထုပ်လေး (ဟောလိဝုဒ်ရိုက်ဖို့ သူက အချိန်ကုန်လွယ်တယ်) ဆောင်ထားမှ။

(၇) ဘာတွေရေးမိမလဲ ..
ဘာမှ ရေးမိမယ် မထင်။ ပြောပဲ ပြောဖြစ်မယ် ထင်တယ်။

(၈) တွေးမိတွေးရာ အတွေး ...
စုံနေမှာပဲ။ ဘဝ တသက်တာကိုလဲ ရုပ်ရှင်ပြသလို ပြန်မြင်မိ မလားပဲ။

(၉) ဂုဏ်ယူချင်တာက ...
တပါးသီလ မြဲနေသေးတာ။ သူတပါး မျက်ရည်ပေါက် ကြီးငယ် ကျပါစေ
တော့လို့ မလုပ်ခဲ့ဘူးတာ။

(၁၀) ရှာကြံဖြေသိမ့်မိတာက ...
လူ့သက်တန်း တဝက်မက နေခဲ့ပြီးပြီပဲ။

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း ...
"ကိုယ်မပျက်ခင် ကမ္ဘာပျက်တယ်။ ကမ္ဘာထက် အကြမ်းခံတဲ့ ... ငါကွ" :P

ကျွန်တော် ရေးတာလည်း နောက်ကျနေတော့
၎ ယောက်ကိုပဲ တဂ်ဆင့်ကမ်း ထားပါတယ်။။

တီတီဆွိ
မိုးသံစဉ် ရဲ့ ကမ္ဘာ

6 comments:

ဆောင်းယွန်းလ,  October 31, 2009 at 11:50 AM  

တိကျတဲ့အဖြေနဲ့ သေသပ်တဲ့အတွေးတွေပါပဲ...

Eaindra,  October 31, 2009 at 12:19 PM  

အကိုတင်မင်းထက်ရေ...

စိတ်လိုလက်ရရေးပေးတာအတွက်ကျေးဇူးတင်ပါတယ်နော်...။

ကမ္ဘာပျက်မှာကို မယုံဘူး..စိတ်မ၀င်စားပါဘူး အကို..
ဆိုးဝါးတဲ့ရာသီဥတုနဲ့ ကမ္ဘာကွက်ကျားပျက်နေတာတွေအတွက်..
စိတ်ပူနေမိတယ်...

ခင်မင်လေးစားစွာ

အိန္ဒြာ

ရွှေရတုမှတ်တမ်း,  October 31, 2009 at 1:46 PM  

ဖဲဝိုင်းတအိမ်လိုရင် အော်လိုက်ဗျို့

MANORHARY,  October 31, 2009 at 4:50 PM  

ကိုယ်မပျက်ခင် ကမ္ဘာပျက်တယ် ..
မိုက်လိုက်တဲ့ဥဒါန်း ...း)

ယောနက်သန်,  October 31, 2009 at 5:09 PM  

ဥဒါန်း ကိုသဘောကျတယ်။

T T Sweet,  November 2, 2009 at 12:56 PM  

ကိုကိုထက်ရေ ... အဲဒီအိမ်စာကို မသက်ဝေက ဟိုနေ့ကတည်းက ပေးပြီးသားပါကွယ်။ အိမ်စာလုပ်ရမှာပျင်းလို့ အသာလေးနေတာ ... ၂ယောက် တက်ခ်တော့ ...အပျင်းမဖက်နေလို့ မကောင်းတော့ဘူး။

ကိုကိုထက်ရေးတာလေးက ကမ္ဘာပျက်မယ်ဆိုတာတောင် အမြူးလေးနဲ့ .... ဖတ်လို့ကောင်းပါ့။

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP