Oct 13, 2009

ချစ်ရက်ရှည်ရှည်အင်းလျားမြေ

အရင်ဆုံး တွံတေးသိန်းတန် ရဲ့ "ချစ်ရက်ရှည်ရှည်အင်းလျားမြေ" နားထောင် လိုက်ကြပါဦး ...
ပြီးမှ ဆက်ပြောကြတာပေါ့ ...



Green Memory ဆိုတဲ့ ကဗျာလေးတွေ ရေးဖြစ်တော့ ကျောင်းပုံလေးတွေ ပါရင် ပိုကောင်းမယ် ပြောကြပါတယ်။ ကျောင်းပုံ မထည့်ဖြစ်တဲ့ အကြောင်းက ကျောင်းပုံတွေက သိပ်ကို အင်အား ကြီးပါတယ်။ ကဗျာလေးတွေက ပုံကို မမှီမှာ စိုးတာနဲ့ မထည့်ဖြစ်တာပါ။

တကယ်တော့ ကျွန်တော်က ရန်ကုန်တက္ကသိုလ် က မဟုတ်ပါဘူး။ ဒါပေမဲ့ မိန်းထဲမှာ ၅ နှစ်တိတိ ကျင်လည်ခဲ့ပါတယ်။ ရူပက ဆရာတွေကဆို ကျွန်တော့်ကို သူတို့ တပည့်တောင် ထင်နေတာ။ တရက် အခန်းပြင်မှာ စာကြည့်နေတုန်း ဒေါက်တာထွန်းခင်က "တယ်ဟုတ်ပါလား ဘာစာတွေ ကြည့်နေလဲ" မေးမှ သူ့တပည့် မဟုတ်မှန်းသိတာ။

Crist cyan 's Memories ဆိုတဲ့ ဆိုဒ်ကနေ ကျောင်းပုံတွေ ရထားလို့ ဝေမျှလိုက်ပါတယ်။ သူ့ ဆိုဒ်ကိုသွားကြည့်လိုက်ပါ၊ ပုံလဲ ပိုစုံ၊ Resolution လဲ ပိုကောင်းပါတယ်။

"ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲ မြေမှာကြဲပြန့်နေ
ကံကော်ပွင့်တွေနဲ့အတူ သူနဲ့တွေ့ရာ ဒီနယ်မြေ
တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန်တော်မြေ" ဆိုတဲ့ အင်းလျား ...









"စာပေ ဂီတနဲ့သာ အနုပညာ ရသမှာလဲစုံ" တဲ့ အာစီ ...



လိုင်ဘရီလေးလဲ တို့နဲ့ဝေးခဲ့ပြီ၊ ကံ့တော်တန်းလည်း ဘယ်ဆီမသိ ...



ဂျက်ဆင်ထိပ်မှာ လရိပ်သာဆဲလား ...



ဒီလမ်းပေါ်မှာလျှောက်ရင်း ဘ၀လမ်းပေါ်လျှောက်ဖို့ အားမာန်တွေရခဲ့ ...



ကျော်မင်းမောင်ရဲ့ ပန်းချီကို ပြန်မြင်လာတယ်၊ သူ့ လက်သီးကို ဆုတ်ထားဆဲ ...



တည်ငြိမ်တဲ့ အသည်းနှလုံးပိုင်ရှင် ...



ချစ်ရက်ရှည်ရှည်အင်းလျားမြေ သီချင်းအတွက် မဂျုံးစိန် (jonesein @ Myanmar Cupid)
ပုံများအတွက် www.cristcyan.cc.cc တို့ကို ကျေးဇူး အထူးတင်ပါတယ်။

15 comments:

MANORHARY October 13, 2009 at 4:37 PM  

Yangon Library ရှေ့က ကံ့ကော်တောမရှိတော့ပါလား
မနည်းကြည့်ရတယ် မှတ်မိအောင်း(( Central Library တော့
မဟုတ်နိုင်ဘူးဆိုတာသိနေလို့ yagon လို့တွေးကြည့်လိုက်တာ
လွမ်းပါတယ်။
ဒါထက် .. အရင်တစ်ခေါက်ဘလော့ခ်မှာလာပြောတုန်းကတော့
ဒေါက်တာထွန်းခင် ဆိုး))

tin min htet October 13, 2009 at 6:41 PM  

ဟုတ်တယ် မနော် .. ဒေါက်တာထွန်းခင်၊ ရုံးဆင်းခါနီး တင်ခဲ့ပြီး၊ ခု အိမ်ပြန်ရောက် ဝင်ပြင်တာ။ မနော်က ဦးသွားပြီ :)

kay October 13, 2009 at 10:38 PM  

အဲဒီ သီချင်း ဗာရှင်း ကို ရှားရှားပါးပါး တွေ့လို့..၀မ်းသာလိုက်တာ။ ကျမလဲ လိုချင်တယ်။ ရှဲပေးပါအုံး။

ကိုတင်မင်းထက် ပြောခဲ့သလို..မိခင်ကျောင်းတော် မဟုတ်ပေမဲ့..ယောက္ခမ ကျောင်းတော်ကြီး ဆိုတာ..သဘောကျနေမိတယ်။

စွဲအားတွေ ကောင်းခဲ့တာပေါ့လေ။း)

ရွှေရတုမှတ်တမ်း October 13, 2009 at 10:42 PM  

ကျောင်းသူကျောင်းသားတွေလဲ...ပုံထဲမှာမပါလို့..ကျောင်းလို့တောင်..
ပြောဖို့ခပ်ခက်ခက်ပဲ....သစ်ပင်တွေလဲရှင်းပြောင်နေတာပဲဗျို့..

Nay Lin October 13, 2009 at 11:32 PM  

ဟေ့ငထက်

ဂျပ်ဆင်ရှေ့ကငါတို့မူးပြီး လူးလိမ့်အိပ်ခဲ့တဲ့ မြက်ခင်းလည်းမ၇ှိတော့ဘူး..:(
နောက်ပြီးဘယ်နဲ့လုပ်..အုန်းပင်တွေလာစိုက်ထားတာလဲ
တိုင်းပြည်ပြောင်းလဲမှ..အဲဒီလိုလုပ်ဖို့အမိန့်ပေးခဲ့တဲ့သူတွေကို
ခေါ်ပြီးတံတောင်းနဲ့ထောင်းဦးမယ်..:)

NL

tin min htet October 14, 2009 at 10:07 PM  

မမီ၊ မနော်၊ မကေ၊ ကိုကျောက်ခဲ ကျေးဇူးပါ။

ကိုနေလင်း ကတော့ သီချင်းပြောင်းဆို ရမယ့်ပုံပဲ ..
"အဓိပတိလမ်းမပေါ်မှာ အိပ်ဖူးခဲ့ပါသည်
ကံကော်ပင်အောက်ကခုံတွေမှာ အန်ဖူးခဲ့ပါသည်"

ကျွန်တော်ကတော့ ခြင်္သေ့တက်စီးရုံလောက်ပါပဲ :P

Nay Lin October 15, 2009 at 3:45 AM  

မင်းပြောမှပဲ ငါ့မှာ အရမ်းသောက်တဲ့သူဖြစ်လို့..:)))

မမသီရိ October 15, 2009 at 2:06 PM  

မိန်းထဲကလဲ မဟုတ်ပဲ
၅ ရက်လဲ မဟုတ် ၅ နှစ် တဲ့
မိန်းထဲ ကိုလာခဲ့ တာ..း)
ဘာလာလုပ်ခဲ့တာ တုန်း..း)

Nay Lin October 15, 2009 at 9:43 PM  

များများဆက်ရေးကွာ..မင်းမှာရှိတဲ့စာအုပ်ကောင်းတွေလည်းUpload လုပ်ပေးပါဦး..
copyright issue ရှိနိုင်ပေမဲ့ သက်ရှိထင်ရှားရော..ကွယ်လွန်သွားတဲ့ဆရာတွေပါ..နားလည်မှာပါ..
အဝေးရောက်နေတဲ့သူတွေအတွက်ရော..နောင်ပေါ်လာမဲ့ digital Libary
(I don't know who is going to do it!!)အတွက်ပါ အကျိုးထူးမှာပါ..

ဆောင်းယွန်းလ October 17, 2009 at 3:14 AM  

လွမ်းစရာပဲဗျာ...ဒီထက်ပိုပြီးပြောနိုင်တဲ့ စွမ်းအင်မရှိခဲ့သူပါဗျာ...

Phannaywon October 19, 2009 at 3:02 PM  

တစ်ကယ်တော့အစ်ကိုတို့လိုမခံစားဖူးတဲ့နယ်ကျောင်းသားတစ်ယောက်ရဲ့ရသကတော့ "ရင်ထဲမှာသာတဲ့လ"လိုဖျော့တော့တော့ပါပဲဗျာ.ကိုယ့်ရင်ခုန်သံ တွေနဲ့ ပေါင်းစပ်လို့ ရေးတေးတေးသာရှိခဲ့ဖူးတာကို..ဘာလို့များတွေးရင်း၊ ရေးရင်း ၀မ်းနည်းမိလဲဆိုတာ အဖြေမရှိခဲ့ပါဘူး..
အစ်ကိုရယ်......

အိမ့်ချမ်းမြေ့ October 24, 2009 at 2:59 AM  

ဓာတ်ပုံတွေ အတွက်ကျေးဇူးတင်ပါတယ်။

T T Sweet October 24, 2009 at 4:01 PM  

ကျောင်းပုံဆိလို့ လာလည်သွားပါတယ်။ လက်စက်သတ်တော့ ချစ်ရက်ရှည်ရှည်အင်းလျားမြေ ကိုး။း)

ဂျစ်တူး ( မုံရွာ ) March 29, 2010 at 10:51 PM  

တကူးတကလာပြီးပြောပြပေးတဲ့အတွက်ကျေးဇူးတင်ရှိမိပါ
တယ်ခင်ဗျာ-
ကျေးဇူးတွေလည်းထပ်နေပါပြီတင်နေရတာလေ-

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP