Dec 23, 2013

စစ်ပွဲ

စစ်ဖြစ်မှတော့ တိုက်ရတော့မယ်
သမားရိုးကျ စစ်ဗျူဟာတွေနဲ့တော့
ဒီခေတ်မှာ မတိုက်ချင်တော့ဘူး

ရန်သူကိုအသေသတ်ဖို့ထက်
သူရဲ့ရှုံးနိမ့်မှုကို တစိမ့်စိမ့်သောက်သုံးဖို့
မြို့သိမ်းတိုက်ပွဲအောင်နိုင်ဖို့ထက်
အမုန်းတရားတွေ အယားဖျောက်ဖို့

ဘယ်မြို့ပြနဲ့ဘယ်မြို့ပြ
စစ်ဖြစ်နေတယ် မသိတော့အောင်
အကြိတ်အနယ် ပေါ့ပျက်ပျက်တိုက်ကြ

နောက်ဆုံးအပိုင်ခုတ်ချလိုက်တော့
ရန်သူ့မျက်နှာဖုံး ကွာကျသွား

တိုက်ပွဲဝင်အားလုံးနဲ့ တူညီစွာ
သူ့မျက်နှာဖုံးအောက်မှာ မျက်နှာမရှိ

တင်မင်းထက်
၂ဝ၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP