Dec 23, 2013

မီးခိုးသစ်ပင်

အရွယ်မရောက်သေးတဲ့
စီးကရက်မီးခိုးတွေ
လူထူထူမှာ တထောင်းထောင်း
ဖွာပြ။

ဂရုမစိုက်သလို နေပြရင်းနဲ့ပဲ
မင်းကျပျောက်ခဲ့တဲ့
အပ်ကလေးတွေကောက်ရခဲ့တာက
၃ ခါ။

တချို့တိမ်တိုက်တွေဟာ
ရိတ်သိမ်းဖို့ မဟုတ်ခဲ့သလို
ရင့်မှည့်ဖို့လည်း မလိုအပ်တဲ့
သစ်သီး။

တင်မင်းထက်
၂၀၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP