Dec 23, 2013

အနှေးကောင်

မြန်လွန်းလို့  ဘယ်သူမှ
ဖမ်းလို့ မရနိုင်သလို
နှေးလွန်းတော့လည်း
ဘယ်သူကမှ မဖမ်းချင်ကြ။

အနှေးကောင်အကြောင်း
တောင်ခြစ်မြောက်ခြစ်ရင်းနဲ့ 
စိတ်ကူးတို့  နှေးနှေးလာ
ကဗျာကောင်းတာ မကောင်းတာ
လူကြိုက်များတာ မများတာ
ဘာတွေ မရိုးသားချင်တာလဲ။

လျှစ်ကနဲ လျှစ်ကနဲ
မမြန်နိုင်မှတော့
နှေးနှေးကွေးကွေး ရှင်သန်
တချိန်ချိန်မှာ သေဆုံး
ဒါပဲပေါ့
အနှေးကောင် ဆိုတာ။

တင်မင်းထက်
၂၀၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP