Dec 23, 2013

လက်ဖက်ရည်ဆိုင်

နေ့စဉ်သုံးစကားတွေ
တောင်စဉ်ရေမရ ပြောကြ

မရှိမဲ့ရှိမဲ့ စိတ်ကူးစိတ်သန်းတွေကို
ပုံကြီးချဲ့ ရယ်မောနှိပ်ကွပ်ကြ

ပြောရင်းငြီးငွေ့သွားတော့
အစကနေ နောက်တခေါက်ပြန်ပြောကြ

ငယ်ငယ်ကလက်ဖက်ရည်တခွက်ကို
၂ ခါပြန်ပြီး မသောက်နိုင်ဘူးဆိုလား

တင်မင်းထက်
၂ဝ၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP