Dec 23, 2013

ဇာတ်ညွှန်း

လူစွမ်းကောင်းက
ဓါးသိုင်းကပြနေစရာ မလို။

လူဆိုးဗိုလ်ဆိုမှတော့
လူဆိုးဗိုလ် ပီပီသသ
မြင်းကို ဒုန်းစိုင်းစီးပြ (နောက်ပြန်)
လူ ၁ဝဝ သတ်ပြ (၂ မိနစ်အတွင်း)
သွေးအေးအေးနဲ့ထိုင်နေ (သစ်ပင်ထိပ်ဖျားမှာ)
ပြီးတော့
အသံနက်ကြီးနဲ့ရယ် (နှုတ်ခမ်းတဖက်မဲ့ရင်း)။

စာပေသမားဝတ်စုံအဖြူနဲ့
ဒါဏ်ရာတခုမှ မရခဲ့သလိုမျိုး ရောက်လာ
ယပ်တောင်ကို တချက်ခတ်
(ဒါမှမဟုတ်)
အသံမဲ့တဲ့ လှုပ်ရှားမှုတခုခုမှာ
ဝတ်စုံနက် ဒူးထောက်လဲကျသွား။

ကလေး လူကြီး ကြည့်ချင်ကြတဲ့
ဇာတ်သိမ်းခန်းကတော့ ဒီအတိုင်းပါပဲ။

တင်မင်းထက်
၂ဝ၁၃

0 comments:

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP